Tharrawaddy District 3802nd Battalion and allied units fighting Junta forces in Letpadan Township

ပဲခူးတိုင်း၊သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ထန်းပင်ချောင်ကျေးရွာ စစ်ဆေးရေး ဂိတ် တိုက်ပွဲ( ရုပ်သံ)

u/MambiBirmano — 1 day ago

Colombian paramilitary groups fighting each other.

The video depicts fighters of the Self-Defense Forces of Conquest of the Sierra Nevada shooting at Clan de Golfo (Gaitanist Self-Defense Forces of Colombia). The clash occurred on the foothills of the Sierra Nevada of Santa Marta. Both illegal armed groups are competing for territory and drug trafficking routes.

u/MambiBirmano — 2 days ago

Bagan Garuda Force footage of the Anyar Tama Operation.

" အညာတမာ" စစ်ဆင်ရေး မှတ်တမ်း

#မကွေးတိုင်းတနေရာ

#BGF

#ပုဂံဂဠုန်

u/MambiBirmano — 2 days ago

CSRAF footage of an interception of Junta supply ships

တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း(17.8.2026)

ကလေးဝဆိပ်ကမ်းမှ စုံဆင်းလာသော ကျောက်မီးသွေး၊သစ်၊ကျောက်စိမ်းနှင့်အခြားသောပစ္စည်းများပါသော တိုက်ခိုက်ရေးယာဉ်(၃)စီးနှင့် ကုန်တင်သင်္ဘော(၃၁)စီးတို့ဟာ ကနီ-မင်းကင်းအစပ်သို့ရောက်ရှိလာပီး မိမိတို့တော်လှန်ရေးအဖွဲ့များမှ လက်နက်ကြီး၊လက်နက်ငယ်၊စိန်ပြောင်း၊စနိုက်ပါများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့သည် ထိခိုက်သေဆုံးမူများ ရှိနိုင်သဖြင့် အသေးစိတ်ကိုထပ်မံဖော်ပြပေးပါမည်။

အဆိုပါတိုက်ခိုက်မူကို ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု၏ ဦးဆောင်မူဖြင့် မဟာမိတ်ညီကိုများဖြင့် စုပေါင်းတိုက်ခိုက်ခဲ့သည်။

u/MambiBirmano — 3 days ago

Myingyan Black Tigers releases thier footage of the Anyar Tama Operations.

တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၆ခုနှစ် ၊ ဩဂုတ်လ ၊ ၁၇ ရက်

၂‌၀၂၆ ခုနှစ်၊မေလမှ စတင်၍ မကွေးတိုင်း၊ပခုက္ကူခရိုင်၊ပေါက်မြိုနယ်နှင့် မြိုင်မြို့နယ်အတွင်းသို့ အင်အား (၅၀၀)ဖြင့် စစ်ကြောင်းထိုး၀င်ရောက်လာသော အကြမ်းဖက် စကမများအား မိမိတို့ တော်လှန်ရေးအင်အားစုများက " အညာတမာ "စ_စ်ဆင်ရေးအဖြစ် စုစည်းညီညွတ်စွာ ခုခံတိုက်ပွဲဆင်နွှဲနေကြသည်။

စ_စ်ဆင်ရေးကာလအတွင်း အကြမ်းဖက် စကမတပ်သား(၅၀)ခန့် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒါဏ်ရာရှိခဲ့ကာ ရန်သူ့လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများကို " အညာတမာ "စ_စ်ဆင်ရေးအင်အားစုများဖြစ်သည့် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပခုက္ကူခရိုင် (၂/၆/၇/၉/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ်ရင်းများ၊ KG တပ်ဖွဲ့ ၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ ၊ ရေစကြို ပကဖ ၊ ပခုက္ကူ ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ၊ တိုင်းပကဖစစ်ကြောင်း(၄) ၊ MRG တပ်ဖွဲ့၊ ရေစကြိုတပ်ပေါင်းစု၊ ကမ္မတပ်ပေါင်းစု ၊ ကမ္မလုံခြုံရေးအင်အားစု ၊ PLC တပ်ပေါင်းစု၊ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ ပြည့်သူလွတ်မြောက်ရေးတပ်မတော် (PLA ) ၊ ယင်းမာပင်ခရိုင်အမှတ်( ၇/၁၁/၁၂) တပ်ရင်းများ ၊ပုလဲပကဖ ၊ Southern ရေစကြို တပ်ဖွဲ့ ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဒေသတွင်းညီအစ်ကိုများနှင့်အတူ မိမိတို့ Myingyan Black Tiger(MBT)၊မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းတို့က စနစ်တကျစုဖွဲ့ကာ ညီညီညွတ်ညွတ် ပူးပေါင်းကာကွယ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

#MyingyanBlackTiger_MBT

#မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း

CONTENT WARNING: This video contains disturbing footage of armed conflict, explosions, gunfire, and deceased individuals. It is shared for news, documentary, and educational purposes only and does not glorify or promote violence. Viewer discretion is strongly advised.

u/MambiBirmano — 3 days ago

Vietnamese Mounted Cavalry Mobile Police Regiment officer demonstrates the dismounted shooting position. August 1st, 2026, East Sea Park, Da Nang City. [2072x1179]

u/MambiBirmano — 5 days ago

Myaing PDO combat compilation released today, possibly depicting scenes from the Anyar Tama Operation.

မြိုင်နယ်ကို ဘာထင်သလဲ

အိုးစည်/ဒိုးပတ်/ပတ်လုံး/သံစုံတီးဝိုင်းနဲ့

ဧည့်ခံပေးလိုက်မယ်

#MPL_မြိုင်ပကဖ

u/MambiBirmano — 5 days ago

Mandalay Free Press photos of the fighters involved in the Anyar Tama Operation part 2

မကွေးဒေသ အညာတမာ စစ်ဆင်ရေး စုဖွဲ့မှု ရဲဘော်တွေ/Photo – ကျီးညို/MFP

u/MambiBirmano — 5 days ago

Mandalay Free Press photos of the fighters involved in the Anyar Tama Operation

မကွေးဒေသ အညာတမာ စစ်ဆင်ရေး စုဖွဲ့မှု ရဲဘော်တွေ/Photo – ကျီးညို/MFP

u/MambiBirmano — 5 days ago

KIO and KNU generals will co-chair the SCEF’s military committee, while NUG defense minister takes secretary position.

SCEF စစ်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌတွေအဖြစ်KIO နဲ့ KNU စစ်ဦးစီးချုပ်တို့ တာဝန်ယူ

■အတွင်းရေးမှူးအဖြစ်NUG ကာကွယ်ရေးဝန်ကြီးတာဝန်ယူ

■စစ်ရေးအစီအမံတွေအ​ကောင်အထည်​ဖော်ရာမှာSCEFအဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်း​လုပ်ကိုင်မယ်

ဩဂုတ်-၁၀၊၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ
ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်
မတီရဲ့ ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ကရင်အမျိုး
သားအစည်းအရုံး(KNU/KNLA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲနဲ့ ကချင်လွတ်
လပ်ရေးအဖွဲ့(KIO/KIA) စစ်ဦးစီးချုပ် ဒုဗိုလ်
ချုပ်ကြီးအောင်ဆိုင်းလာ တို့ တာဝန်ယူထားတယ်လို့ SCEF ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

SCEF ရဲ့မဟာဗျူဟာနဲ့ မူဝါဒရေးရာဦး
ဆောင်အဖွဲ့ ၊ စစ်မဟာဗျူဟာပေါင်းစပ်ညှိ
နှိုင်းကွပ်ကဲရေးကော်မတီတို့က သြဂုတ် ၇ ရက်မှာ ပူးတွဲအစည်းအ​ဝေးပြုလုပ်ပြီးစစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ​ကော်မတီပူးတွဲ ဥက္ကဋ္ဌ ၂ဦး၊ အတွင်းရေးမှူး ၁ဦး နဲ့တွဲဖက်အတွင်းရေးမှူး ၂ဦးတို့ ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်းဩဂုတ် ၈ရက်မှာ SCEFကထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ​ရှေ့ဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်​တွေနဲ့ မဟာဗျူဟာမြောက် ပန်းတိုင်များကို ပေါင်းစပ်ညှိနှိုင်းပြီး​တော့ ထိရောက်စွာ အကောင်အထည်ဖော်ဖို့အတွက်လည်း သ​​ဘောတူခဲ့ကြတယ်လို့ SCEFက ထုတ်ပြန်ပါတယ်။စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ​ကော်မတီရဲ့ ထိပ်တန်းတာဝန်ရှိသူ​တွေကို တာဝန်​ပေးအပ်တဲ့အခြေ
အနေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဆလိုင်းထက်နီ အခုလို ရှင်းပြပေးတာပါ။

“SCEF ရဲ့ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကိုကျနော်တို့ အစုအဖွဲ့ အသီး
သီးကနေ စေလွှတ်တဲ့ စစ်ဘက်ဆိုင်ရာ တာ
ဝန်ရှိ ထိပ်တန်းပုဂ္ဂိုလ်တွေကိုကော်မတီအနေနဲ့ ကျနော်တို့ ဖွဲ့ထားတာ။ အဲဒီမှာ လုပ်ငန်းစဉ် ဆက်သွားဖို့ ဆိုပြီးတော့မှ ကျနော်တို့ ပူးတွဲဥက္ကဋ္ဌ နှစ်ဦးရယ် ပြီးတော့ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးဆိုပြီးတော့မှ နောက်ပြီး
တော့မှ ကျန်တဲ့ အဖွဲ့ဝင်တွေကို လုပ်ငန်းခွဲပြီးတော့ဖွဲ့ထားတာမျိုးပေါ့။ပူးတွဲဥက္ကဋ္ဌကို KIOနဲ့ KNUနဲ့ စေလွှတ်ထားတဲ့ထိပ်ပိုင်းပုဂ္ဂိုလ်တွေပေါ့။အတွင်းရေးမှူးကတော့NUGကကာကွယ်
ရေးဝန်ကြီး စသဖြင့် ပြီးတော့တွဲဖက်ကိုတော့
CNF ဘက်က တာဝန်ရှိ ပုဂ္ဂိုလ်တွေပေါ့နော်” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

SCEF အဖွဲ့ဝင်တွေကတော့ KNU၊ KIO၊ KNPP၊ CNF၊ NUGနဲ့ CRPH တို့ ဖြစ်ကြပြီး တပ်ဖွဲ့စည်းမှုမရှိတဲ့ CRPHက စစ်ရေးပိုင်းစုဖွဲ့မှုမှာ ပါဝင်ခြင်းမရှိဘဲ ကျန်တပ်တွေက စစ်ရေးခေါင်းဆောင်တွေဟာ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီမှာ ပါဝင်ကြတာဖြစ်ပါတယ်။

"အဓိကကတော့ စစ်ရေးမှာသူတို့က တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေပေါ့။ သူတို့ရဲ့ အထက်မှာ မူဝါဒအရ ဂိုက်လိုင်းပေးမယ့် ဘော်ဒီကတော့ ၇ ဦး ကောင်စီဝင်တွေပေါ့နော်။ မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ပါ”လို့ ဆလိုင်းထက်နီက ရှင်းပြပါတယ်။

မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ကို NUG ယာယီသမ္မတ၊ပြည်ထောင်စုဝန်ကြီး
ချုပ်၊ CRPHဥက္ကဋ္ဌ နဲ့ KNU၊ KNPP၊ KIO၊ CNF အဖွဲ့တွေကဥက္ကဋ္ဌတွေပါဝင်ဖွဲ့စည်းထားတာပါ။

စစ်ရေးဖော်ဆောင်ရာမှာစစ်တိုင်းနယ်မြေတွေ သတ်မှတ်ပြီးစစ်ဒေသအလိုက်လက်တွေ့ကျကျ ဟန်ချက်ညီညီ အလုပ်လုပ်ဆောင်နိုင်ရေး ကိုင်တွယ်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

“အဲဒီမှာစစ်တိုင်းနယ်မြေဆိုတာအဲဒီလို ခွဲထားကြတာ။ဒါပေမဲ့အကောင်အထည်ဖော်တဲ့နေ
ရာမှာ One Policy, One Strategy နဲ့ အကောင်
အထည်ဖော်ရမှာပေါ့။”လို့ ဆလိုင်းထက်နီက မူဝါဒတခုတည်း မဟာဗျူဟာတခုတည်းနဲ့ စစ်ရေးဖော်ဆောင်သွားမယ်ဆိုတာကိုရှင်းပြပါတယ်။

အဲဒီလို စစ်ရေးအစီအမံတွေလုပ်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့လည်း အသိပေးပါတယ်။

“ကျနော်တို့ကတော့သူ့နယ်မြေ၊ကိုယ့်နယ်မြေရှိပေမယ့်နွေဦးတော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးလုပ်သွားဖို့ရှိပါတယ်။”
လို့ ဆလိုင်းထက်နီက ပြောပါတယ်။

အခုစစ်​ရေးစုဖွဲ့မှု​တွေဟာ အနာဂါတ်မှာဖက်ဒရယ်တပ်မ​တော်ဖွဲ့စည်း​ရေးရဲ့အ​ခြေခံ​​ဖြစ်
လာဖို့အထိ့ရည်ရွယ်သလို ၊​မျှော်လည်း​မျှော်လင့်​ကြောင်း ​တော်လှန်​ရေးရဲ​ဘော်အချို့ကလည်း​ပြောပါတယ် ။

SCEF အဖွဲ့ဝင်NUGရဲ့ကာကွယ်ရေးဝန်ကြီး
ဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်
မတော်(PDF)တပ်မှူးတွေအနေနဲ့လည်းဩဂုတ်လပထမပတ်မှာ တပ်မှူးကြီးများအ
စည်းအဝေးကို ၄ ရက်တာ ကျင်းပခဲ့ပါတယ်။ အဲဒီတပ်မှူးကြီးများအစည်းအဝေးမှာရှေ့လုပ်
ငန်းစဉ်တွေကိုချမှတ်ခဲ့ရာ SCEF စစ်မဟာဗျူ
ဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီမှာ မဟာဗျူဟာ ကျကျ ပါဝင်ဆောင်ရွက်နိုင်ရေးနဲ့စစ်ဒေသအသီးသီးမှာသက်ဆိုင်ရာ မ
ဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအင်
အားစုများအားလုံးနဲ့ လက်တွဲပြီး ပြည်သူ့ခုခံတွန်းလှန်စစ်မှသည် မဟာဗျူဟာ ထိုးစစ် သို့ တက်လှမ်းနိုင်ရေး လုပ်ဆောင်သွားဖို့ ချမှတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က အသိပေးထုတ်ပြန်ပါတယ်။

အဲဒီလို PDFတပ်မှူးကြီးတွေရဲ့အစည်းအဝေး
အပြီးမှာပဲ PDF ရဲ့တိုင်းစစ်ဌာန အချို့ကလည်း ဒေသတွင်းတပ်မှူးတပ်ရင်းမှူးတွေ ပါ
ဝင်တဲ့အစည်းအဝေး ပြုလုပ်ခဲ့တာမျိုးရှိပါတယ်။ ပဲခူးတိုင်းစစ်ဌာနရဲ့ကွပ်ကဲရေးမှူး၊ စစ်
ဆင်ရေးမှူး၊ ဗျူဟာမှူးများနဲ့ တပ်ရင်းမှူးများ ပါဝင်တဲ့ အစည်းအဝေးကို ကျင်းပခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီအစည်းအဝေးမှာကွပ်ကဲရေးမှူးနဲ့စစ်ဆင်
ရေးမှူးတို့ထံ သက်ဆိုင်ရာ ဗျူဟာမှူးများနဲ့ တပ်ရင်းမှူးများကထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအ
နေကိစ္စရပ်များကို အစီရင်ခံခဲ့သလို စစ်ဘက်ဆိုင်ရာခေါင်းဆောင်များက ရှေ့ဆက်လက်
ဆောင်ရွက်မည့် စစ်ရေးလုပ်ငန်းစဉ်များနဲ့ စစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်များကို အ
သေးစိတ် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တစ်မျိုးသားလုံးဟာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရရှိဖို့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦး
ဆောင် - SCEF ဆိုတဲ့ ပေါင်းစည်းရေးမှာ နိုင်ငံရေး၊ စစ်ရေး တွေကို မရပ်မနားပူးပေါင်းကြိုးစားရဖို့အပြင် တိုင်းသူပြည်သားအားလုံး နဲ့ ကချင်ပြည်သူတွေအားလုံး သံသယစိတ်မရှိဘဲ ထောက်ခံအားပေးဖို့ အထူးတိုက်တွန်းလိုတယ်လို့ ပြောကြားပါတယ်။

တိုင်းရင်းသားလူမျိုး​တွေ ကိုယ်စီဟာ ကိုယ့်ကံကြမ္မာကိုယ်ဆုံးဖြတ်နိုင်ခွင့် ရရှိရေးအ
တွက် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ – SCEF ဆိုတဲ့ ပေါင်းစည်းမှုအောက်မှာ စစ်ရေး၊ နိုင်ငံ
ရေးကို မရပ်မနား လုပ်ဆောင်နေတာကြောင့်တိုင်းသူပြည်သားအားလုံး နဲ့ ကချင်ပြည်သူတွေအားလုံး သံသယစိတ်မရှိဘဲ ထောက်ခံအားပေးဖို့အထူးတိုက်တွန်းလိုတယ်လို့ကချင်
အမျိုးသားအာဇာနည်နေ့မှာ KIA ဥက္ကဌ ဗိုလ်
ချုပ်ကြီးအင်ဘန်လကလည်းတိုက်တွန်းပြောကြားပါတယ်။

ကာလရှည်ကြာ လက်နက်ကိုင်တော်လှန်နေတဲ့ ​တော်လှန်​ရေးအဖွဲ့အစည်းတွေ၊ NUG၊ CRPH တို့နဲ့ လက်တွဲပြီးတော့ ကမ္ဘာ့နိုင်ငံရေးစင်မြင့်ထက်မှာ ထင်ပေါ်လာနိုင်ရန်အတွက် SCEF နဲ့ အတူကြိုးပမ်းနေတာဖြစ်တယ်လို့ လည်းဆက်လက်​ပြောခဲ့ပါတယ် ။ပြည်သူ
လူထုကို အခြေခံပြီး မိမိဒေသကို လွတ်လပ်စွာကိုယ်တိုင်စီမံအုပ်ချုပ်နိုင်ဖို့အတွက် တူညီတဲ့ပန်းတိုင်တစ်ခုတည်း ဆုပ်ကိုင်ပြီး နိုင်ငံတ
ကာအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုရရှိအောင် SCEF လုပ်ဆောင်နေတယ်လို့လည်း​ပြောပါတယ်။

SCEF ကိုဖွဲ့စည်းနိုင်ဖို့ ၂၀၂၂ ခုနှစ်ကတည်း
က ​တော်လှန်​ရေးအင်အားစု​​တွေကြယုံကြည်မှုတည်​​ဆောက်ပြီး ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရတာဖြစ်တယ်လို့လည်း တာဝန်ရှိသူ​တွေက​ပြောထားပါတယ် ။ အဖွဲ့ဝင်​တွေ ဆက်လက်တိုးချဲ့ဖွဲ့စည်း​ရေးအတွက်လည်း ​တော်လှန်​ရေးအဖွဲ့​တွေနဲ့ ဆက်တိုက်​တွေ့ဆုံကြိုးစား​နေတယ်လို့ သတင်းရရှိပါတယ် ။

u/MambiBirmano — 10 days ago

Eagle Column of the 35th Regiment clashing with Junta troops in Myeik Township on August 1.

တိုက်ပွဲသတင်းထုတ်ပြန်ချက်

ဩဂုတ် ၇၊ ၂၀၂၆

ဩဂုတ် ၁ ရက် နေ့လည် ၂:၂၀ အချိန်မှ စ၍ တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊မြိတ်မြို့နယ်၊တုံးဗျောကျေးရွာအုပ်စု၊ဘန်မဲ့၊သကန်၊ငါးရံ့အင်းရွာ မိမိတို့ စစ်ဆင်ရေးနယ်မြေအမှတ်(၁)ဗျူဟာ(၃၅) လင်းယုန်စစ်ကြောင်းအဖွဲ့နှင့် တစ်ရက်တည်း သုံးနေရာ စကစ တပ်နဲ့ ထိ‌တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသည် စကစ တပ်ဘက်မှ သေဆုံးသူ (၅)ဦးရှိပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူရှိပါတယ်
ထိခိုက်ဒဏ်ရာရသူတွေကို ခုံမော်ရွာ နာရေးကားဖြင့် မြိတ် သို့ သယ်ယူသွားကြောင်း သိရပါသည်။

မိမိတို့ စစ်ဆင်ရေးနယ်မြေအမှတ်(၁)ဗျူဟာ(၃၅) လင်းယုန်စစ်ကြောင်းမှ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရရှိ (မစိုးရိမ်ရ)

#သတင်းနှင့်ပြန်ကြားရေးအဖွဲ့
#စစ်ဆင်ရေးနယ်မြေအမှတ်(၁)#ဗျူဟာ(၃၅) #လင်းယုန်စစ်ကြောင်း

u/MambiBirmano — 13 days ago

KNDF 2nd Regional Command photos posted on August 6

ပင်ပန်းခြင်းက...ငါတို့ရဲ့ ခြေလှမ်းကို နှေးစေနိုင်တယ်။ဒါပေမယ့်...တာဝန်ကိုတော့ မရပ်တန့်စေနိုင်ဘူး။

ငါတို့ရဲ့ ကျောခိုင်းရာမှာယုံကြည်မှုကို အပ်နှံထားတဲ့ပြည်သူတွေ ရှိနေတယ်။

ဒါကြောင့်...

ပင်ပန်းလို့ ညည်းနိုင်တယ်...ဒါပေမယ့်ယုံကြည်မှုကိုတော့ ဘယ်တော့မှ အလံမချဘူး။

အရေးကြီးဆုံးက...ငါတို့ရဲ့ အပြော၊ အပြု၊ အကျင့်တိုင်းဟာငါတို့ကို ယုံကြည်ထားတဲ့ ပြည်သူတွေကိုစိတ်ပျက်စေမယ့် အရာမျိုးဘယ်တော့မှ မဖြစ်ပါစေနဲ့။

ပြည်သူရဲ့ ယုံကြည်မှုက...ငါတို့ သယ်ဆောင်ရတဲ့ အဓိက တာဝန်တစ်ခုဖြစ်တယ်

u/MambiBirmano — 14 days ago

Chin National Organization Central Council issues clarification statement concerning rumors of alleged meetings with Junta officials in India.

တော်လှန်ပြည်သူလူထုသို့ အသိပေးထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃) ရက်

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး နွေဦးတော်လှန်ရေး ပေါ်ပေါက်လာပြီးနောက် စစ်အာဏာရှင်စနစ်ကို ကနဦး လက်နက်ကိုင်တော်လှန်ခဲ့သည့် အဖွဲ့အစည်းများအနက် တစ်ခု အပါအဝင်ဖြစ်ပါသည်။

စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်အထိ CNO/CNDF သည် “အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး” ဟူသည့် မူဝါဒများကို ခိုင်မာစွာ လက်ကိုင်ပြုလျက် မိမိတို့အခြေစိုက်ရာ ချင်းပြည်နှင့် စစ်ကိုင်းတိုင်းအတွင်းသာမက အခြားဒေသများရှိ မဟာမိတ်ညီနောင် တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲ၍ တော်လှန်တိုက်ပွဲဝင် လျက်ရှိပါသည်။

နွေဦးတော်လှန်ရေးကာလအတွင်း ပေါ်ပေါက်လာသည့် တောင်ပေါ်၊ မြေပြန့် မဟာမိတ် ညီနောင်များနှင့် လက်တွဲကာ ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သည့်အထိ ရဲရင့်သည့်စိတ်ဓာတ်၊ မလျော့သောဇွဲ၊ သတ္တိနှင့်ဝီရိယတို့ကို အခြေခံ၍ မျိုးဆက်သစ်လူငယ် ရဲဘော်၊ ရဲမေများဖြင့် တော်လှန်ရေးခရီးကြမ်းကို လျှောက်လှမ်းနေသည့် အဖွဲ့အစည်းလည်းဖြစ်ပါသည်။ တော်လှန်ရေးကာလတစ်လျှောက်အတွင်း CNDF ရဲဘော်၊ ရဲမေ များစွာသည်လည်း မိမိတို့၏ အသက်နှင့် ခန္ဓာကိုယ်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့ကြပြီး ကျဆုံးဒဏ်ရာ ရရှိခြင်းနှင့် အခြားသောပေးဆပ်ဆုံးရှုံးမှုများစွာ ရှိခဲ့ပြီးဖြစ်ပါသည်။

လက်ရှိအချိန်တွင် လူမှုကွန်ရက်စာမျက်နှာများနှင့် သတင်းမီဒီယာအချို့၌ CNO ၏ တာဝန်ရှိသူ အချို့သည် စစ်ကော်မရှင်မှ ဖွဲ့စည်းထားသည့် NSPNC ကိုယ်စားလှယ်များနှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဖော်ပြမှုများ ပေါ်ထွက်လျက်ရှိပါသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ၏ တရားဝင်သဘောထားကို အောက်ပါ အတိုင်း အသိပေးထုတ်ပြန်အပ်ပါသည်။

၁။ အဆိုပါတွေ့ဆုံမှုသည် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ၏ ဗဟိုကောင်စီ (Central Council–CC)၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (Central Executive Committee–CEC)၊ နိုင်ငံရေး ဦးဆောင်ကော်မတီ (Political Steering Committee–PSC)၊ နှင့် ကာကွယ်ရေးကောင်စီ (Defense Council–DC) တို့၏ သိရှိမှု၊ အသိအမှတ်ပြုဆုံးဖြတ်ချက်၊ တာဝန်ပေးအပ်ချက် သို့မဟုတ် သဘောတူညီချက် လုံးဝမရှိဘဲ တာဝန်ရှိခေါင်းဆောင်အချို့က မိမိတို့၏ သဘောဆန္ဒအလျောက် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

ထို့ကြောင့် အဆိုပါတွေ့ဆုံမှုနှင့် တွေ့ဆုံမှုအတွင်း ပြောဆိုဆွေးနွေးခဲ့သည့် အကြောင်းအရာများသည် CNO ၏ တရားဝင်ရပ်တည်ချက်၊ ဆုံးဖြတ်ချက်နှင့် မူဝါဒတို့ကို မည်သည့်နည်းနှင့်မျှ ကိုယ်စားမပြုကြောင်း အတိအလင်း အသိပေးအပ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါတွေ့ဆုံမှုမှတစ်ဆင့် NSPNC ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ မည်သည့်သဘောတူညီချက်၊ ကတိကဝတ် သို့မဟုတ် နားလည်မှုမျိုးမျှ လုံးဝမရှိခဲ့ကြောင်း အတိအလင်း အသိပေးအပ်ပါသည်။

၂။ CNO သည် ချင်းညီနောင် (Chin Brotherhood–CB) ကို စတင်ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ICNCC/CB နှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ၏ ဘုံရပ်တည်ချက်၊ စုပေါင်းဆုံးဖြတ်ချက်နှင့် တော်လှန်ရေးအကျိုးစီးပွားတို့ကို အလေးထားလိုက်နာလျက်ရှိပါသည်။

ထို့ကြောင့် ICNCC/CB နှင့် သက်ဆိုင်ရာ မဟာမိတ်တော်လှန်ရေးအင်အားစုများ၏ သဘောထားနှင့် စုပေါင်းဆုံးဖြတ်ချက်မပါရှိဘဲ စစ်ကော်မရှင်နှင့် တစ်ဖက်သတ်တွေ့ဆုံဆွေးနွေးခြင်း သို့မဟုတ် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်မည်မဟုတ်ကြောင်း ထပ်မံအတည်ပြု ကြေညာအပ်ပါသည်။

၃။ အဖွဲ့အစည်း၏ တရားဝင်ခွင့်ပြုချက်မရှိသော တွေ့ဆုံမှုနှင့်ပတ်သက်၍ ဖြစ်စဉ်တရပ်လုံးအပေါ် စနစ်တကျ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ဥက္ကဌကိုယ်တိုင်မှ အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ ၄င်းတွင်အဓိကတာဝန်ရှိကြောင်း လက်ခံကာ ဥက္ကဌရာထူးမှ နုတ်ထွက်ရန် တင်ပြခဲ့ပါသည်။ ထိုတင်ပြချက်ကို ဗဟိုကောင်စီမှ သဘောတူလက်ခံပြီး ဥက္ကဌတာဝန်မှ ရပ်စဲလိုက်ကြောင်း အသိပေးအပ်ပါသည်။

၄။ CNO/CNDF သည် ပြည်သူလူထု၏ ယုံကြည်မှုနှင့် တော်လှန်ရေး၏ မူလရည်မှန်းချက်များအပေါ် သစ္စာရှိစွာ ဆက်လက်ရပ်တည်မည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး၊ တရားမျှတမှုရရှိရေးနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့်အတူ ခိုင်မာစွာ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

CNO/CNDF အနေဖြင့် အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှု၊ ဖွဲ့စည်းပုံ၊ မူဝါဒနှင့် တော်လှန်ရေး၏ အကျိုးစီးပွားကို အစဉ်ဦးစားပေး၍ မဟာမိတ်များနှင့် လက်တွဲကာ ပြည်သူလူထု၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုအပ်ပါသည်။

ဗဟိုကောင်စီ (Central Council)

Chin National Organization (CNO)

u/MambiBirmano — 17 days ago

Colombian Army helicopter during operations against FARC remnants. Cauca region.

Operation of the 4th Rapid Deployment Force against the Carlos Patiño Structure in Huisitó, municipality of El Tambo, Cauca.

u/MambiBirmano — 26 days ago

FARC remnant militants engaging Colombian Army troops. Cauca region.

Members of the Carlos Patiño Structure, a group affiliated with the remnants of the FARC, fought against elements of the 4th Rapid Deployment Force of the 3rd Division of the National Army of Colombia. Six soldiers and one pilot were reportedly injured.

u/MambiBirmano — 26 days ago

KNLA arresting the four survivors of the July 16th ambush.

■Breaking News

မြဝတီ​တောင်ဘက် ရဲကုန်းတိုက်ပွဲ စစ်တပ်စစ်​ကြောင်းတစ်​ကြောင်းလုံး​ချေမှုန်းခံရ

■ ခမရ(၅၅၆)တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ၊BGF ဗိုလ်မုတ်သုန်အဖွဲ့က တပ်ခွဲမှူး ၁ဦး နဲ့ DKBAဗိုလ်ဘိခွဲထွက်ကတပ်ဖွဲ့ဝင်​တွေအပါအဝင်စစ်​ကြောင်းတစ်ခုလုံး​နီးပါးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးဖမ်းမိ

ဇူလိုင်-၁၆၊၂၀၂၆။ကိုဒီး/People’s Spring

ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးလိုက်တဲ့ လေးကေ့ကော်မြို့သစ်အနောက်ဘက်နားကရဲကုန်းနေရာကိုစစ်တပ်
စစ်​​ကြောင်းဝင်ရောက်လာချိန်မှာတော်လှန်
ရေးတပ်တွေကတိုက်ခိုက်ရာ အမှတ်(၁၃)
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)
လက်အောက်ခံ စစ်​ကြောင်းတစ်​ကြောင်းလုံး
သေဆုံးခဲ့တယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇူလိုင် ၁၆ရက် နေ့လယ် ၁၂နာရီခန့်မှာစကခ (၁၃)လက်​အောက်ခံ ခမရ(၅၅၆)တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ဦးစီးတဲ့ စစ်
ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကိုအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့​ပြီးစစ်သုံ့ပန်းအချို့ကိုလည်းဖမ်းမိကာ လက်နက်ခဲယမ်း​တွေလည်းသိမ်းဆည်းရရှိတယ်လို့ အထက်ပါစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ဒါ့အပြင် ကရင်နယ်ခြားစောင့်တပ်(BGF)က ဗိုလ်မုတ်သုန်အဖွဲ့က တပ်ခွဲမှူး ၁ဦးအပြင် စစ်ကူတိုက်ပေးနေတဲ့ တိုးတက်သော ဗုဒ္ဓ
ဘာသာကရင်အမျိုးသားတပ်မတော် (DKBA)က ဗိုလ်ဘိခွဲထွက်အဖွဲ့က တပ်သားတွေလည်း သေဆုံးတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

"သူတို့(စစ်တပ်)က ရဲကုန်းကိုရပြီးဆိုပြီး ပျော်နေတယ်လေ။ထောင်ခြောက်ပေါ့။ အမှန်တော့ အင်အားအလုံးအရင်းနဲ့တက်လာတိုင်း တော်
လှန်ရေးအဖွဲ့တွေက ကြောက်သွားမယ် ထင်တာကိုး ။ ဟပေးလိုက်ရော ဝိုင်းတက်လာတဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေက ဝိုင်းတွယ်လိုက်တာ"လို့ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဟာ ဇူလိုင် ၁၆ ရက်နေ့လယ် ၁၂နာရီလောက်က ရဲကုန်းနေရာ အကျော်မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်သုံးပန်း ၄ ဦးလည်း ဖမ်းမိပြီး လက်နက်ခဲယမ်းတွေလည်း ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းရခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။စစ်သုံ့ပန်း ၄ ဦးစလုံးဟာ စစ်တပ်ကအဓမ္မစု​ဆောင်းထားတဲ့စစ်မှုထမ်းသင်တန်းဆင်း ပြည်သူ့စစ်(ပစ)
တပ်သား​လေးဦးဖြစ်ပါတယ် ။

စစ်တပ်က စစ်ကြောင်းတစ်ခုလုံးပျက်တဲ့အထိ တိုက်ခိုက်ခံရလို့ ဒီကနေ့မှာ ဂျက်ဖိုက်တာ၊ Y12 တွေနဲ့ အဆက်အပြတ် ဗုံးလာကြဲခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇူလိုင် ၇ရက် ညနေပိုင်းလောက်ကစတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းကဖလူးနဲ့ မင်းလက်ပံဒေသ တစ်​ကျော့ပြန်တိုက်ပွဲဟာ စစ်တပ်က သေဆုံးနဲ့ ဒဏ်ရာရသူတွေနဲ့ အထိနာနေပါတယ်။

အဲဒီနောက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရဲကုန်းနေရာကနေ ဆုတ်ခွာပေးလိုက်တဲ့အခါ စစ်တပ်စစ်ကြောင်းက နေရာဝင်ယူ တပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ရဲကုန်းနေရာဟာ စစ်ရေးအတွက် အရေးမပါတဲ့နေရာဖြစ်တဲ့အတွက် တော်လှန်ရေးတပ်တွေက လှည့်စားပြီး ဆုတ်ခွာပေးလိုက်တဲ့အပေါ် စစ်တပ်ထောက်ခံသူတွေက ရဲကုန်းနေရာကို သိမ်းရပြီဆိုပြီး အောင်ပွဲခံခဲ့ကြပါသေးတယ်။

ဇူလိုင် ၁၆ ရက်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်တွေက ချေမှုန်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လူထုနွေဦးရဲ့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက ဖလူးနဲ့ မင်းလက်ပံဒေသကို လေးရက်နဲ့သိမ်းပိုက်မယ်ဆိုပြီးအင်အား ၂၀၀၀ ကျော်နဲ့ တက်လာတဲ့ စစ်တပ်ဟာ တိုက်ပွဲစဖြစ်တဲ့နေ့မှာပဲ ​တော်လှန်​ရေးတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် အထိနာခဲ့တာဖြစ်ပါတယ်။

ဖလူးနဲ့ မင်းလက်ပံကျေးရွာကို သိမ်းရရင်အုပ်ချုပ်ခွင့်ပေးမယ်လို့ စစ်တပ်က မက်လုံးပေးပြီး တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)က ဗိုလ်ဘိခွဲထွက်အဖွဲ့ ကအင်အား ၁၀၀ ​ကျော် နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က ဗိုလ်မုတ်သုန်ခွဲထွက်အဖွဲ့ကအင်အား ၂၀၀ ခန့်ကိုပါ စစ်ကူခေါ်ကာ ဇူလိုင် ၇ရက်မှာ တကျော့ပြန်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ DKBA ၊BGF ပူးပေါင်းအဖွဲ့ဟာ ဖလူးနဲ့ မင်းလက်ပံဒေသကို ဇူလိုင် ၁၀ရက်နေ့ အပြီးသိမ်းပိုက်ဖို့ ညွှန်ကြားချက်နဲ့ ထိုးစစ်ဆင်လာတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀ရက်ကြာတဲ့အထိ စစ်တပ် ပူးပေါင်းတပ်တွေက ရှေ့မတိုးနိုင်သေးဘဲ အထိနာနေတာ ဖြစ်ပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲကို စစ်တပ်ရဲ့အမှတ်(၂)စစ်ဗျူဟာမှူး၊တပ်မ(၂၂)တပ်မမှူး ဗိုလ်မှူးကြီး ကျော်ထင်အေး က ဦးစီးကွပ်ကဲနေတာလို့ စုံစမ်းသိရပါတယ်။

တိုက်ပွဲမှာ အထိနာပြီးတဲ့​နောက် စစ်တပ်ဟာ KNU/KNLAကို ထိုင်းအစိုးရက ဖိအားပေးဖို့အတွက်ထိုင်းနိုင်ငံဘက်ခြမ်းကို ကျည်ကျအောင် တမင်းရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်နေတယ်လို့လည်း ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ​ပြောပါတယ်။

ဇူလိုင် ၁၀ ရက်မှာလည်း စစ်တပ်က ပစ်ခတ်လိုက်တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဟာ တာချ်ခရိုင် မဲဆောက်မြို့က ထိုင်းဘုန်းကြီးကျောင်းအတွင်း ကျရောက်ခဲ့လို့ ထိုင်းစစ်တပ်က ဖယ်ရှားခဲ့ရပါသေးတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)နဲ့ ရဲတပ်ရင်းကိုပါ စစ်ကူခေါ်ယူ အင်အားဖြည့်တင်းထားပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်
ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့ တော်
လှန်ရေးပူး​ပေါင်းတပ်​တွေ ဖြတ်​တောက်တိုက်
ခိုက်မှု​ကြောင့် ​ရှေ့မတိုးနိုင်ပဲဖြစ်​နေတာပါ။

(ရုပ်သံ-​ပေးပို့ ၊Saw Kaw)

u/MambiBirmano — 1 month ago

KNLA wipes out Sit-Tat column at Yay Kone, south of Myawaddy.

■Breaking News

မြဝတီ​တောင်ဘက် ရဲကုန်းတိုက်ပွဲ စစ်တပ်စစ်​ကြောင်းတစ်​ကြောင်းလုံး​ချေမှုန်းခံရ

■ ခမရ(၅၅၆)တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ၊BGF ဗိုလ်မုတ်သုန်အဖွဲ့က တပ်ခွဲမှူး ၁ဦး နဲ့ DKBAဗိုလ်ဘိခွဲထွက်ကတပ်ဖွဲ့ဝင်​တွေအပါအဝင်စစ်​ကြောင်းတစ်ခုလုံး​နီးပါးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးဖမ်းမိ

ဇူလိုင်-၁၆၊၂၀၂၆။ကိုဒီး/People’s Spring

ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးလိုက်တဲ့ လေးကေ့ကော်မြို့သစ်အနောက်ဘက်နားကရဲကုန်းနေရာကိုစစ်တပ်

စစ်​​ကြောင်းဝင်ရောက်လာချိန်မှာတော်လှန်

ရေးတပ်တွေကတိုက်ခိုက်ရာ အမှတ်(၁၃)

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)

လက်အောက်ခံ စစ်​ကြောင်းတစ်​ကြောင်းလုံး

သေဆုံးခဲ့တယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇူလိုင် ၁၆ရက် နေ့လယ် ၁၂နာရီခန့်မှာစကခ (၁၃)လက်​အောက်ခံ ခမရ(၅၅၆)တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ဦးစီးတဲ့ စစ်

ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကိုအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့​ပြီးစစ်သုံ့ပန်းအချို့ကိုလည်းဖမ်းမိကာ လက်နက်ခဲယမ်း​တွေလည်းသိမ်းဆည်းရရှိတယ်လို့ အထက်ပါစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ဒါ့အပြင် ကရင်နယ်ခြားစောင့်တပ်(BGF)က ဗိုလ်မုတ်သုန်အဖွဲ့က တပ်ခွဲမှူး ၁ဦးအပြင် စစ်ကူတိုက်ပေးနေတဲ့ တိုးတက်သော ဗုဒ္ဓ

ဘာသာကရင်အမျိုးသားတပ်မတော် (DKBA)က ဗိုလ်ဘိခွဲထွက်အဖွဲ့က တပ်သားတွေလည်း သေဆုံးတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

"သူတို့(စစ်တပ်)က ရဲကုန်းကိုရပြီးဆိုပြီး ပျော်နေတယ်လေ။ထောင်ခြောက်ပေါ့။ အမှန်တော့ အင်အားအလုံးအရင်းနဲ့တက်လာတိုင်း တော်

လှန်ရေးအဖွဲ့တွေက ကြောက်သွားမယ် ထင်တာကိုး ။ ဟပေးလိုက်ရော ဝိုင်းတက်လာတဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေက ဝိုင်းတွယ်လိုက်တာ"လို့ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဟာ ဇူလိုင် ၁၆ ရက်နေ့လယ် ၁၂နာရီလောက်က ရဲကုန်းနေရာ အကျော်မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်သုံးပန်း ၄ ဦးလည်း ဖမ်းမိပြီး လက်နက်ခဲယမ်းတွေလည်း ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းရခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းတစ်ခုလုံးပျက်တဲ့အထိ တိုက်ခိုက်ခံရလို့ ဒီကနေ့မှာ ဂျက်ဖိုက်တာ၊ Y12 တွေနဲ့ အဆက်အပြတ် ဗုံးလာကြဲခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇူလိုင် ၇ရက် ညနေပိုင်းလောက်ကစတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းကဖလူးနဲ့ မင်းလက်ပံဒေသ တစ်​ကျော့ပြန်တိုက်ပွဲဟာ စစ်တပ်က သေဆုံးနဲ့ ဒဏ်ရာရသူတွေနဲ့ အထိနာနေပါတယ်။

အဲဒီနောက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရဲကုန်းနေရာကနေ ဆုတ်ခွာပေးလိုက်တဲ့အခါ စစ်တပ်စစ်ကြောင်းက နေရာဝင်ယူ တပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ရဲကုန်းနေရာဟာ စစ်ရေးအတွက် အရေးမပါတဲ့နေရာဖြစ်တဲ့အတွက် တော်လှန်ရေးတပ်တွေက လှည့်စားပြီး ဆုတ်ခွာပေးလိုက်တဲ့အပေါ် စစ်တပ်ထောက်ခံသူတွေက ရဲကုန်းနေရာကို သိမ်းရပြီဆိုပြီး အောင်ပွဲခံခဲ့ကြပါသေးတယ်။

ဇူလိုင် ၁၆ ရက်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်တွေက ချေမှုန်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လူထုနွေဦးရဲ့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက ဖလူးနဲ့ မင်းလက်ပံဒေသကို လေးရက်နဲ့သိမ်းပိုက်မယ်ဆိုပြီးအင်အား ၂၀၀၀ ကျော်နဲ့ တက်လာတဲ့ စစ်တပ်ဟာ တိုက်ပွဲစဖြစ်တဲ့နေ့မှာပဲ ​တော်လှန်​ရေးတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် အထိနာခဲ့တာဖြစ်ပါတယ်။

ဖလူးနဲ့ မင်းလက်ပံကျေးရွာကို သိမ်းရရင်အုပ်ချုပ်ခွင့်ပေးမယ်လို့ စစ်တပ်က မက်လုံးပေးပြီး တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)က ဗိုလ်ဘိခွဲထွက်အဖွဲ့ ကအင်အား ၁၀၀ ​ကျော် နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က ဗိုလ်မုတ်သုန်ခွဲထွက်အဖွဲ့ကအင်အား ၂၀၀ ခန့်ကိုပါ စစ်ကူခေါ်ကာ ဇူလိုင် ၇ရက်မှာ တကျော့ပြန်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ DKBA ၊BGF ပူးပေါင်းအဖွဲ့ဟာ ဖလူးနဲ့ မင်းလက်ပံဒေသကို ဇူလိုင် ၁၀ရက်နေ့ အပြီးသိမ်းပိုက်ဖို့ ညွှန်ကြားချက်နဲ့ ထိုးစစ်ဆင်လာတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀ရက်ကြာတဲ့အထိ စစ်တပ် ပူးပေါင်းတပ်တွေက ရှေ့မတိုးနိုင်သေးဘဲ အထိနာနေတာ ဖြစ်ပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲကို စစ်တပ်ရဲ့အမှတ်(၂)စစ်ဗျူဟာမှူး၊တပ်မ(၂၂)တပ်မမှူး ဗိုလ်မှူးကြီး ကျော်ထင်အေး က ဦးစီးကွပ်ကဲနေတာလို့ စုံစမ်းသိရပါတယ်။

တိုက်ပွဲမှာ အထိနာပြီးတဲ့​နောက် စစ်တပ်ဟာ KNU/KNLAကို ထိုင်းအစိုးရက ဖိအားပေးဖို့အတွက်ထိုင်းနိုင်ငံဘက်ခြမ်းကို ကျည်ကျအောင် တမင်းရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်နေတယ်လို့လည်း ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ​ပြောပါတယ်။

ဇူလိုင် ၁၀ ရက်မှာလည်း စစ်တပ်က ပစ်ခတ်လိုက်တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဟာ တာချ်ခရိုင် မဲဆောက်မြို့က ထိုင်းဘုန်းကြီးကျောင်းအတွင်း ကျရောက်ခဲ့လို့ ထိုင်းစစ်တပ်က ဖယ်ရှားခဲ့ရပါသေးတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)နဲ့ ရဲတပ်ရင်းကိုပါ စစ်ကူခေါ်ယူ အင်အားဖြည့်တင်းထားပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်

ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့ တော်

လှန်ရေးပူး​ပေါင်းတပ်​တွေ ဖြတ်​တောက်တိုက်

ခိုက်မှု​ကြောင့် ​ရှေ့မတိုးနိုင်ပဲဖြစ်​နေတာပါ။

(စစ်တပ်စစ်​ကြောင်းထံမှ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေနဲ့ စစ်သုံ့ပန်း​လေးဦး ။ဓါတ်ပုံ-​ပေးပို့ )

u/MambiBirmano — 1 month ago

Harbingers of Death prototype UGV

HOD-Robot Alpha V1.1
(ပစ္စည်းမှာထားတာငွေမပြည့်သေးလို့ ဘာနည်းပညာပစ္စည်းမှ မသုံးထားရသေးပါ။)စွန့်ပစ်ပစ္စည်းတွေသာ အများဆုံးအသုံးပြုထားရလို့ အကြမ်းထည်ကြီး ချပြရတာ တောင်းပန်ပါတယ်ခင်ဗျာ။အများနဲ့ဝန်းရံကြရင်အဆင်ပြေမှာပါ။ကျွန်တော်တို့ ငွေမရှိပဲ ရှိတာနဲ့လုပ်ရတဲ့အခါ တစ်ခါတစ်လေ စိတ်ဓာတ်ကျပြီး လုပ်လက်စတွေ ရပ်ပစ်လိုက်ချင်တဲ့စိတ်ဖြစ်မိပေမယ့် စပြီးတဲ့ခြေလှမ်းတိုင်းဟာ နောက်ပြန်လှည့်လို့မရဘူး ဆိုတဲ့ ခံယူချက်ကြောင့် အားတင်းလျှက်...။

Harbinger Of Death - PDF

u/MambiBirmano — 2 months ago

Sagaing Hluttaw approves the Defense and Security Council Law during its ninth regular session.

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးမှ ပြဌာန်းအတည်ပြုခဲ့သော စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေအား ပြည်သူလူထုသိရှိနိုင်ရန် ထုတ်ပြန်ကြေညာအပ်ပါသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်

u/MambiBirmano — 2 months ago